နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ဓါတ်အားလိုင်းနှင့်မလွတ်ကင်းသည့်အပင်များပူးပေါင်းရှင်းလင်း

ရန်ကုန် ဩဂုတ် ၂၅


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနသည် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းနှင့်ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် သဇင်ရုံလမ်း၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းနှင့်ဝေဘာဂီလမ်း၊ ဒဂုံမြို့နယ်ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကင်းမြို့နယ် (၇)ရပ်ကွက် သီရိမင်္ဂလာလမ်း၊ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း၊  (ဃ)ရပ်ကွက် လွတ်လပ်ရေးလမ်း နှင့် (၂၅)ရပ်ကွက် ပျဉ်းမမြိုင်လမ်းတို့တွင် ဓါတ်အားလိုင်းမလွတ်အပင်များ၊ ကိုင်းများအားရှင်းလင်းခဲ့ကြောင်းသိရသည်။

သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ