နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၄,၇၃၈.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုးကုတ် ဩဂုတ် ၂၅


   ဩဂုတ် ၂၄ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ စစ်ဆေးရေးဂိတ်တွင် သောင်းဆာ မောင်းနှင်ကာ အောင်ဂျာနှင့် လဝမ်တို့လိုက်ပါလာသည့် AD VAN အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်နောက်ခန်း၌လိုက်ပါလာသည့် အောင်ဂျာနှင့် လဝမ်တို့မှာယာဉ်ပေါ်မှဆင်းခဲ့သော်လည်း သောင်းဆာမှာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရာ မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအဝင် တောလမ်းတွင် ၎င်းမော်တော်ယာဉ်အား ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၅,၉၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဂျာ(၁၈)နှစ်၊ လဝမ်(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

အလားတူ ဩဂုတ် ၂၅ ရက်၊ နံနက် ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်နေ စိုင်းပန်းမောင်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းပန်းမောင်(၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ