နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲခူးတိုင်းဒေသကြီးအတွင်း သောက်ရေတွင်းတူးဖော်ရန်၊ လျှပ်စစ်မီးလင်းရေးနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ထောက်ပံ့ငွေများပေးအပ်

 ပဲခူး     ဩဂုတ်     ၂၅


ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာယာဝတီမြို့နယ်၊ ဇိမ်ဇာကျေးရွာအုပ်စုအတွင်း သောက်ရေတွင်း(၅)တွင်းတူးဖော်ဆောင်ရွက်ကာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့အပြင် လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စု၊ မြစ်သာယာကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ မိုးညိုမြို့နယ်၊ မြောက်လုပ်ကုန်းကျေးရွာအုပ်စုနှင့်ကရင်ချောင်းကျေးရွာအုပ်စုတို့ဆက်သွယ်သည့်မြစ်မခမြစ်ကူးတံတားတည်ဆောက်ရေး လုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဩဂုတ် ၂၂ ရက်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ သာယာဝတီမြို့နယ် ဇိမ်ဇာကျေးရွာအုပ်စု၊ ဇိမ်ဇာအနောက် ဘုန်းတော်ကြီးကျောင်းမဟာသမယဓမ္မဗိမာန်တွင် ဇိမ်ဇာကျေးရွာအုပ်စုအတွင်း သောက်ရေတွင်း ၅ တွင်း တူးဖော်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့်ငွေကျပ်သိန်း ၃၀ အား ကျေးရွာ တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လက်ပံတန်းမြို့သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ခမုံဆိပ်ကျေးရွာအုပ်စု၊ မြစ်သာယာကျေးရွာမီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့်ငွေကျပ်သိန်း ၁၀၀ အား ကျေးရွာတာဝန်ရှိသူများထံပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ မြောက်လုပ်ကုန်းကျေးရွာအုပ်စုနှင့်ကရင်ချောင်းကျေးရွာအုပ်စုတို့ဆက်သွယ်သည့် မြစ်မခမြစ်ကူးတံတားတည်ဆောက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ လှူဒါန်းသည့်ငွေကျပ် ၉၇ သိန်းအား တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။ ထို့အတူ မြောက်လုပ်ကုန်း၊ ကရင်ချောင်း၊ ဆင်မနိုင်နှင့်ဆင်ခေါင်းကျေးရွာအုပ်စုများအတွင်းရှိ အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများ၊ ဆင်မနိုင်တိုက်နယ်ဆေးရုံသို့ ဆေးရုံသုံးကျန်းမာရေးပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုသာစစ်






အခြားဆက်စပ်သတင်းများ