နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WHO အတွက် နှာခေါင်းစည်းနှင့် စမ်းသပ်ရေးကိရိယာ သန်းချီလှူဒါန်းပေးမည့် ဂျက်မာ

ဧပြီ ၂၁၊ ဘေဂျင်း အလီဘာဘာကုမ္ပဏီကို တည်ထောင်သူ ဂျက်မာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)အတွက် နှာခေါင်းစည်းနှင့် စမ်းသပ်ရေးကိရိယာ သန်းချီလှူဒါန်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အလီဘာဘာကုမ္ပဏီက WHO အတွက် ဆေးရုံများတွင် အသုံးပြုသည့် နှာခေါင်းစည်း သန်း ၁၀၀၊ N-95 နှာခေါင်းစည်း ၁ သန်းနှင့် စမ်းသပ်ရေးကိရိယာ ၁ သန်း လှူဒါန်းသွားမည်ဟု Weibo လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါရေးသားဖော်ပြချက်တွင် ဂျက်မာက ''တစ်ကမ္ဘာ၊ တိုက်ပွဲတစ်ပွဲ''ဟု ရေးသား ထားသည်။ ဂျက်မာသည် ပြီးခဲ့သည့်လများအတွင်းကလည်း COVID-19 ကူးစက်ပျံ့နှံ့မှု ကြုံတွေ့နေသည့် နိုင်ငံများအတွက် ငွေကြေးနှင့် အထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်းခဲ့သည်။ ပြီးခဲ့သည့်ဇန်နဝါရီလက COVID-19 စတင်ကူးစက် ပျံနှံ့ရာဖြစ်သည့် ဟူဘေပြည်နယ်၊ ဝူဟန်မြို့အတွက် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝယ်ယူရန် ယွမ် ၁ ဘီလျံ(အမေရိကန်ဒေါ်လာ ၁၄၁ သန်း)တန်ကြေးရှိသည့် ရန်ပုံငွေတစ်ရပ် တည်ထောင်ပေးမည်ဟု ကြေညာခဲ့သည်။ ထို့နောက် ရက်ပိုင်းအကြာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေရာတွင် ကူညီရန် ယွမ်သန်း ၁၀၀( အမေရိကန်ဒေါ်လာ ၁၄.၁ သန်း)လှူဒါန်းခဲ့သည်။ ထို့အပြင် ဂျပန်၊ အီရန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ စပိန်၊ အမေရိကန်၊ အီသီယိုးပီးယား၊ ရဝမ်ဒါ စသည့်နိုင်ငံများအတွက်လည်း လှူဒါန်းပေးခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျက်မာသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလျံနီးပါး ကြွယ်ဝချမ်းသာသူဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ