နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူဂန်ဒါအပြေးသမား ချက်တီဂျီ မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်ချိုး

  ဩဂုတ်  ၂၅


ယူဂန်ဒါအပြေးသမား ဂျိုရှာချက်တီဂျီဟာ မိုနာကိုဒိုင်းမွန်းလိဂ်အပြေးပြိုင်ပွဲရဲ့ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်စိုက်ထူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
ယမန်နှစ်က ဒိုဟာပြေးခုန်ပစ်ကမ္ဘာ့ချန်ပီယံရှစ်မှာ မီတာ ၁၀၀၀၀ ချန်ပီယံဖြစ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဂျိုရှာချက်တီဂျီဟာ မီတာ  ၅၀၀၀ အပြေးပြိုင်ပွဲမှာ ၁၂ မိနစ် ၃၅ ဒသမ ၃၆ စက္ကန့်နဲ့ပြေးကာ ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။


ယခင်က မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်ကို အီသီယိုးပီးယား အပြေးသမား ဘီကီလီက ၁၂ မိနစ်၊ ၃၇  ဒသမ ၃၅ စက္ကန့်နဲ့ စိုက်ထူးထားခဲ့ခြင်းဖြစ်ပါတယ်။ “မိုနာကိုကတော့ တကယ့်ကိုထူးခြားကောင်းမွန်တဲ့နေရာပါ။ ဒီနေရာမှာ ကျွန်တော်ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တယ်။ ဒီနှစ်ထဲမှာ လူတွေဟာ အိမ်တွေထဲမှာပဲနေနေကြရတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စိတ်ဓာတ်မကျအောင်နေခဲ့ကြရတယ်”လို့ ယခုနှစ်အတွင်းပြိုင်ပွဲဝင်ခြင်းများမပြုလုပ်ခဲ့ရတဲ့ ဂျိုရှာချက်တီဂျီက ပြောဆိုခဲ့ပါတယ်။          


(SO)






အခြားဆက်စပ်သတင်းများ