နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၅


 ဩဂုတ် ၂၄ ရက်၊ နံနက် ၅ နာရီခွဲအချိန်တွင် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၄/တောင်ရပ်ကွက်၊ ရှုခင်းသာလမ်းမကြီးပေါ်၌ ကျော်ဇင်လတ် ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါး တစ်ချောင်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် ၁၆/၂ရပ်ကွက်၊ ရတနာလမ်းမပေါ်၌ ကျော်လွင်ဦးထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် (ဆ)ရပ်ကွက်၊ မေဓါဝီလမ်းမကြီးပေါ်၌ ကျော်ဇင်လင်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၁၅ မိနစ် အချိန်တွင် အတွင်းပဒံကျေးရွာ၊ ဦးမှိုလမ်းမပေါ်၌ ချစ်ကိုထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် ဝင်းကြည်ဦးထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ