နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းတော်မြို့နယ်တွင် ငွေကျပ် ၂.၃၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အင်းတော် ဩဂုတ် ၂၄


 ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲအချိန် အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သိန်းသား မောင်းနှင်ပြီး ဂွန်းအောင်လိုက်ပါလာသည့် SUZUKI အမျိုး အစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈,၈၀၀ ပြား၊ မြန်မာငွေ ၈၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိန်းသား(၂၃)နှစ်၊ ဂွန်းအောင်(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်း၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့သို့ စိုင်းမြအောင် မောင်းနှင်ပြီး မနန်းနမ်(ခ)နန်းနစ်နှင့် အိုက်နွန်းတို့လိုက်ပါလာသည့် IPSUM အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ အိုက်စ် ၄၀ ကီလို၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီအချိန်တွင် မိုင်းယန်းမြို့နယ်၊ ယန်းခိုင်ကျေးရွာရှိ အိုက်နွန်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ဆေးခြောက် ၀ ဒသမ ၃၅ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စိုင်းမြအောင်(၃၁)နှစ်၊ မနန်းနမ်(ခ) နန်းနစ်(၃၁)နှစ်၊ အိုက်နွန်း(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ