နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တမူးမြို့နယ်တွင် ငွေကျပ် ၁.၁၆၈၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တမူး ဩဂုတ် ၂၄


  ဩဂုတ် ၂၃ ရက်၊ နံနက် ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ကလေး-တမူးသွားကားလမ်း၊ နန်းကတိတ်ကျေးရွာ အနီးတွင် ဆန်းဒေးလင်း မောင်းနှင်ပြီး ကမ်လွန်ပေါင် လိုက်ပါလာသည့် TOYOTA TOWNACE LIGHT TRUCK အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၃,၂၀၀ ပြား၊ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို  သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းဒေးလင်း (၄၀)နှစ်၊ ကမ်လွန်ပေါင်(၅၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၂၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ တာလိလင် ကျေးရွာနေ မအန်းရှမ်း၏ နေအိမ်အားရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၅၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၆ ကီလိုနှင် ၎င်းထံမှ တရုတ်နိုင်ငံသုံးငွေ ၅,၅၀၀ ယွမ်၊ မြန်မာငွေ ၁၈၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မအန်းရှမ်း(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ဆွေဦး






အခြားဆက်စပ်သတင်းများ