နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်သာလန်တိုက်စစ်မှူးဟောင်း ရော်ဘင် ဂရိုနင်ဂျန်အသင်းနှင့် စာချုပ်ချုပ်ဆို

  ဩဂုတ်  ၂၄


နယ်သာလန်တိုက်စစ်မှူးဟောင်း ရော်ဘင်သည် ဘောလုံးလောကမှအနားယူထားသူဖြစ်သော်လည်း ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဂရိုနင်ဂျန်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။


ရော်ဘင်သည် ကစားသမားဘဝကို ဂရိုနင်ဂျန်အသင်းနှင့်စတင်ခဲ့ပြီး ဥရောပအသင်းကြီးများသို့ ပြောင်းရွှေ့ကစားခဲ့ကာ အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သည်။
အသက် ၃၆ နှစ်အရွယ်ရှိ ရော်ဘင်သည် ဂရိုနင်ဂျန်အသင်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီးနောက် နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်း၊ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်း၊ စပိန်ကလပ် ရီးရဲလ် မက်ဒရစ်အသင်းနှင့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းတို့တွင်ကစားခဲ့ကာ ဥရောပအသင်းကြီးများနှင့် အောင်မြင်မှုများစွာရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၄ ရက်က ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။



ရော်ဘင်သည် ဘောလုံးလောကမှအနားယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် ကစားသမားဘဝသို့ ပြန်လည် ဝင်ရောက်ခဲ့ကာ ဂရိုနင်ဂျန်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။                                          


 (သူရိန်)






အခြားဆက်စပ်သတင်းများ