နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်များမှာ သိထားသင့်တဲ့ပြောင်းလဲမှုများ

  ဩဂုတ်  ၂၄


COVID-19 ကြောင့် ထိခိုက်ခဲ့ရတဲ့ ပြိုင်ပွဲတွေထဲမှာ ချန်ပီယံလိဂ်လည်းပါဝင်ခဲ့ပါတယ်။ ၂၀၁၉-၂၀ ရာသီလက်ကျန် ရှုံးထွက်ပွဲစဉ်တွေကို ဩဂုတ်လထဲမှာမှ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ အခုဆိုရင် ပြိုင်ပွဲ ပြီးချိန် နောက်ရွှေ့ခဲ့တာကြောင့်  ၂၀၁၉-၂၀ ရာသီပွဲတွေကစားနေချိန်မှာပဲ ၂၀၂၀-၂၁ ရာသီချန်ပီယံလိဂ် ခြေစစ်ပွဲတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းက စတင်ကစားခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ပထမဆင့် ခြေစစ်ပွဲတွေပြီးဆုံးသွားပါပြီ။  COVID-19 ကြောင့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ စည်းမျဉ်းပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ရပါတယ်။


အုပ်စုအဆင့်နဲ့ ရှုံးထွက်အဆင့်မှာ ကိုဗစ်မတိုင်ခင်ကအတိုင်း အပြောင်းအလဲမရှိပေမယ့် ခြေစစ်ပွဲ အဆင့်မှာတော့ ပြောင်းလဲမှုအချို့ရှိခဲ့ပါတယ်။ အဓိကအကျဆုံးပြောင်းလဲမှုကတော့ ပထမအဆင့်၊ ဒုတိယ အဆင့်နဲ့ တတိယအဆင့်ခြေစစ်ပွဲတွေကို တစ်ကျော့တည်းကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီကဆိုရင် ခြေစစ်ပွဲလေးဆင့်လုံးကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ကစားခဲ့ရပေမယ့် ဒီရာသီမှာတော့ ပလေးအော့ဖ် အဆင့်ကလွဲရင် ကျန်ခြေစစ်ပွဲသုံးဆင့်လုံးကို တစ်ကျော့တည်းကစားရမှာပါ။


အိမ်ရှင်လုပ်ခွင့်ရမယ့် အသင်း ကိုတော့ ပွဲစဉ်တွေမဲနှိုက်ရေးဆွဲစဉ်မှာပဲ တစ်ခါတည်းရွေးချယ်ခဲ့ပါတယ်။ မဲနှိုက်ရေးဆွဲပုံကတော့  မဲအိုးသုံးခု ရှိတဲ့အနက် ဆီဒင်ရအသင်း/အတွဲနဲ့ ဆီဒင်သတ်မှတ်ခံရတဲ့အသင်း/အတွဲကို အရွယ်အစားတူညီတဲ့ မဲအိုးတစ်ခု စီထဲကို ဦးစွာထည့်လိုက်ပါတယ်။  အဲဒီမဲအိုးတွေကနေ ဘောလုံးတစ်လုံးဆီနှိုက်ယူပြီး ဘာမှမထည့်ထားတဲ့  ပိုပြီးကြီးတဲ့မဲအိုးထဲကိုထည့်ရမှာပါ။ အဲဒီဘောလုံးနှစ်လုံးကိုရောမွှေလိုက်ပြီး ပထမဆုံးရွေးလိုက်တဲ့ ဘောလုံး ထဲမှအသင်းက အိမ်ရှင်လုပ်ခွင့်ရမှာပါ။ တစ်ကျော့တည်းကစားရမှာမို့ သရေကျနေရင် အချိန်ပို မိနစ် ၃၀ နဲ့ ပင်နယ်တီအထိ ဆက်ကစားသွားရမှာပါ။                                                                                       


  (SO)






အခြားဆက်စပ်သတင်းများ