နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လိုက်လံလုယက်သူ တစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၂၄


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ရွှေဆွဲကြိုးလုယက်မှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဆန်းကိုကို(ခ)ဗျပါဒ (ခ)ထိန်လင်းကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ အဝိုင်းကြီးမီးပွိုင့်အနီး၌ တွေ့ရှိစစ်ဆေးရာ ယင်းသည် ဇွန်လနှင့် ဇူလိုင်လတို့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံဒမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တို့အတွင်း ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာလျက် လမ်းလျှောက်၍ ခရီးသွားလာနေကြသူများနှင့် စက်ဘီးစီးနင်းနေကြသော ခရီးသွားပြည်သူများထံမှ ရွှေဆွဲကြိုး(၉)ကုံးကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ရွှေဆွဲကြိုး ၉ ကုံးကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ လုယက်မှုကျူးလွန်သူ ဆန်းကိုကို(ခ)ဗျပါဒ(ခ)ထိန်လင်းကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ