နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်သမ္မတနန်းတော်တွင် COVID-19 ကူးစက်ခံရသူ ၄၀ နီးပါးရှိ

ဧပြီ ၂၀၊ ကာဘူးလ် အာဖဂန်နစ္စတန်သမ္မတနန်းတော်တွင် အလုပ်လုပ်နေသည့် ဝန်ထမ်း ၄၀ နီးပါးမှာ COVID-19 ရောဂါ ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဖဂန်နစ္စတန်မီဒီယာများက ဖော်ပြသည်။ အစောပိုင်းက ကူးစက်ခံရသူ ၂၀ နီးပါးသာ တွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် ကူးစက်ခံရသူ ၄၀ ဦး အထိ ရှိလာခဲ့ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် နယူးယော့ခ်တိုင်းမ်သတင်းစာက ဖော်ပြသည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ အာဖဂန်နစ္စတန်နန်းတော်က မှတ်ချက်ပေးခြင်းမရှိသေးပေ။ အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီမှာ ရောဂါကူးစက်ခံရဖွယ်မရှိဟု ဆိုသည်။ အသက် ၇၀ ရှိသည့် အက်ရှ်ရက်ဂါနီမှာ ၁၉၉၀ ပြည့်နှစ်အတွင်း ကင်ဆာရောဂါကြောင့် အစာအိမ်တစ်စိတ်တစ်ပိုင်း လှီးထုတ် ခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သမ္မတနန်းတော်မှ ထုတ်ပြန်ခဲ့သည့် တွစ်တာပို့စ်တစ်ခုအရ အက်ရှ်ရက်ဂါနီက အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဗီဒီယိုအစည်းအဝေးလုပ်ခဲ့ကြောင်း တွေ့ရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ