နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်ကွေ့ဒေသမှ ဖြစ်ရပ်ကြောင့် အမေရိကန်ကို အီရန် သတိပေး

ဧပြီ ၂၀၊ တီဟီရန် ယခုရက်သတ္တပတ်အတွင်း ပင်လယ်ကွေ့တွင် ဖြစ်ပွားခဲ့သည့် မတော်တဆဖြစ်ရပ်နှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားကဲ့သို့ အခြေအနေမျိုး ဖန်တီးနေသည်ဟု အစ္စလာမ်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့(IRGC)က စွပ်စွဲခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် အီရန်သင်္ဘောများက အမေရိကန်သင်္ဘော ၆ စင်းအနီးသို့ အနိုင်ကျင့်သည့်ပုံစံမျိုး ချဉ်းကပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံက ပြောသည်။ ယခုလအစောပိုင်းတွင် အမေရိကန်ရေတပ်သင်္ဘောများက အီရန်သင်္ဘောတစ်စင်း၏ လမ်းကြောင်း ကို ပိတ်ဆို့ခဲ့ပြီးနောက် ပင်လယ်ကွေ့ဒေသတွင် ကင်းလှည့်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း IRGC က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံက အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံခဲ့ပြီး နောက်ပိုင်း အမေရိကန်နှင့် အီရန်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခဲ့သည်။ အမေရိကန်နိုင်ငံဘက်က ချင့်ချိန်တွက်ဆမှု မှားယွင်းခဲ့ပါက ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အစ္စလာမ်တော်လှန်ရေးသက်စောင့် တပ်ဖွဲ့က ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း အစ္စလာမ်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ဝင်များဟု ယူဆရ သည့် လက်နက်ကိုင်များက ဟောင်ကောင်အလံ လွှင့်ထူထားသည့် သင်္ဘောတစ်စင်းကို အိုမန်ပင်လယ်ကွေ့တွင် သိမ်းဆည်းခဲ့ပြီး အီရန်ရေပိုင်နက်ထဲ မောင်းနှင်ခိုင်းခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါသင်္ဘောကို ပြန်လွှတ်ပေးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ