နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲဝတ်စုံဝတ်ထားသည့် သေနတ်သမားက အနည်းဆုံး လူ ၁၆ ဦးကို ပစ်သတ်

ဧပြီ ၂၀၊ အော့တဝါ ကနေဒါနိုင်ငံတွင် ရဲအရာရှိကဲ့သို့ ဝတ်ဆင်ထားသည့် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲမေတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က နိုဗာစကော့တီယာပြည်နယ်၊ ပါတာပီကေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု များမှာ ၁၂ နာရီ ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့က ကားဖြင့် လိုက်လံဖမ်းဆီးပြီးနောက် အဆုံးသတ်ခဲ့သည်။ ယင်းဖြစ်ရပ်တွင် သေနတ်သမားလည်း သေဆုံးခဲ့သည်။ သေနတ်သမားမှာ အသက် ၅၁ နှစ်အရွယ်ရှိပြီး ဂါဘရီယယ်ဝါ့တ်မန်းဟု အမည်ရကြောင်း နိုဗာစကော့တီယာပြည်နယ် ရဲတပ်ဖွဲ့က တွစ်တာ ပေါ်တွင်ရေးသားဖော်ပြသည်။ နိုဗာစကော့တီယာပြည်နယ်၊ ပါတာပီကေးမြို့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများကို အိမ်ပြင်မထွက်ကြရန် တိုက်တွန်းထားသည်။ သေနတ်သမားက ရဲကားကို မောင်းလာခဲ့ဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ သေနတ်သမားက နေရာအများအပြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ စုစုပေါင်းသေဆုံးသူ မည်မျှရှိသည်ဆိုခြင်းကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေဆဲဖြစ်သည်။ ယခုဖြစ်ရပ်မှာ ကြောက်မက်ဖွယ် အခြေအနေဖြစ်ခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောသည်။။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ