နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကန့်သတ်မှုအချို့ ဖြေလျှော့ပေး

ဧပြီ ၂၀၊ နယူးဒေလီ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် နိုင်ငံတစ်ဝန်း ပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။ စည်းမျဉ်းသစ် အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပေါ် ဖိအားလျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အလုပ်သမားအင်အားစု တစ်ဝက်ကျော်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသူများဖြစ်သည်။ အစားအစာ ပြတ်လပ်မှု မဖြစ်စေရန် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပေးရမည်ဟု သတ်မှတ်ခဲ့ကြ သည်။ သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်က ကြေညာခဲ့သည့် စည်းမျဉ်းအချို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်မဟုတ်ဟု ဆိုသည်။ အကောင်အထည်ဖော် ဆောင်ရွက်မည်မဟုတ်သည့် စည်းမျဉ်းများတွင် e-commerce လုပ်ငန်းစုများက တင်ပို့သည့် မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် ရေခဲသေတ္တာစသည့် မရှိမဖြစ် မလိုအပ်သည့် ပစ္စည်းများ တင်ပို့ခြင်း လည်း ပါဝင်သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် အိန္ဒိယအစိုးရက ယင်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင် ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဖြစ်များသည်ဟု သတ်မှတ်ထားသည့် ဒေသများတွင် ကန့်သတ်မှုများ ဖြေလျှော့ပေးခြင်းမရှိသေးပေ။ အဆိုပါဒေသများမှာ အိန္ဒိယနိုင်ငံ၏ မြို့ကြီးများဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ