နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥက္ကလာပစေတီတော်မြတ်ကြီးအား ဧပြီလ ၃၀ ရက်အထိ ဆက်လက်ပိတ်ထားမည်

ရန်ကုန် ဧပြီ ၂၀ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာပစေတီတော်မြတ်ကြီးအား ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အထိအချိန်ပြည့် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ဥက္ကလာပစေတီတော်ဂေါပက အဖွဲ့မှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်နှင့်အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကိုတစ်ဖက်တစ်လမ်းမှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဥက္ကလာပစေတီတော်မြတ်ကြီးအား မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ဧပြီလ ၁၀ ရက်မှ ၁၉ ရက် အထိအချိန်ပြည့်ပိတ်ထားခဲ့ရာမှ ဧပြီလကုန်အထိ ဆက်လက်ပိတ်ထားရန် သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရသူဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသောကြောင့် တတ်နိုင်သမျှ တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဥက္ကလာပစေတီတော်မြတ်ကြီးအား အချိန်ပြည့်ဆက်လက်ပိတ်ထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဥက္ကလာပစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ လက်ရှိတွင် ဧပြီလ ၃၀ ရက်အထိ အချိန်ပြည့်ဆက်လက်ပိတ်ထားမည်ဟု သက်ဆိုင်ရာဘုရားဂေါပက အဖွဲ့မှနေ၍ ဗီနိုင်းဆိုင်းဘုတ်များဖြင့် တရားဝင်ကြေညာထားပြီး ဘုရားရင်ပြင်တော်နှင့် ဘုရားဝင်း တစ်ခုလုံးအပြင် ဘုရားဝင်းတံခါးများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။ ဆောင်းဦး






အခြားဆက်စပ်သတင်းများ