ရန်ကုန် ဧပြီ ၂၀ တောင်ဥက္ကလာပမြို့နယ်၌ အခြားမြို့နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့နယ်များမှ လူနှင့်ယာဉ်များ ဝင်ထွက်သွားလာမှုများအား စစ်ဆေးကြပ်မတ်နိုင်ရန်အတွက် အဓိကကျသည့်နေရာများနှင့် လမ်းသွယ်များတွင် ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအစီအစဉ်ဖြင့် စစ်ဆေးရေးဂိတ် များထားရှိ၍ စစ်ဆေးရေးဂိတ်တစ်ခုစီ၌ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ထားရှိ ပြီး Mask တပ်ဆင်အသုံးပြုရန်နှင့် အစုအဖွဲ့ဖြင့် သွားလာမှုများမရှိစေရန် စိစစ်ကြပ်မတ်လျက်ရှိစဉ်။ နေထက်အောင်