နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ နှစ်နှစ်နီးပါး ကြာမြင့်နိုင်ဟု WHO အကြီးအကဲ ပြော

ဩဂုတ် ၂၂၊ ဂျီနီဗာ


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ နှစ်နှစ်နီးပါး ကြာမြင့်နိုင်သည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲ ဂီဘရီယီဆက်က ပြောသည်။ ၁၉၁၈ ခုနှစ်က ကူးစက်ပျံ့နှံ့ခဲ့သည့် စပိန်တုပ်ကွေးရောဂါကို တွန်းလှန်တိုက်ဖျက်နိုင်ရန် နှစ်နှစ်ကြာမြင့်ခဲ့ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဂီဘရီယီဆက်က ပြောခဲ့သည်။ သို့သော် ယနေ့ခေတ်တွင် နည်းပညာ တိုးတက်မြင့်မားလာခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်ရာတွင် (စပိန်တုပ်ကွေးထက်) အချိန်ပိုတိုတောင်းနိုင်ဖွယ်ရှိသည်ဟု ယင်းက ဆိုသည်။

''ကူးလူးဆက်ဆံမှု ပိုအားကောင်းလာတဲ့အတွက် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့ဆီမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မယ့် နည်းပညာ၊ အသိအပညာ ဗဟုသုတ ရှိနေပါတယ်''ဟု ဂီဘရီယီဆက်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက် နိုင်ရန်အတွက် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးမှုရှိရေး အရေးကြီးသည်ဟု ယင်းက ပြောသည်။ ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးရောဂါကြောင့် အနည်းဆုံး လူသန်း ၅၀ သေဆုံးခဲ့သည်။ လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၂၂.၇ သန်းကျော်ရှိနေပြီး လူ ၈၀၀၀၀၀ နီးပါး သေဆုံးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ