နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
lockdown ချထားသည့် မြို့နယ်အချို့မှ ဘဏ်ခွဲများကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဘဏ်အချို့ ကြေညာ

ရန်ကုန် ဧပြီ ၂၀ Covid-19 ကြောင့် အစိုးရမှ lockdown ချထားသည့် မြို့နယ် အချို့မှ ဘဏ်ခွဲများကိုခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်(AYA)နှင့် ကမ္ဘောဇဘဏ်(KBZ)တို့မှ ယင်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ဝန်ဆောင်မှုသုံးစွဲသူ ပြည်သူများသို့ အသိပေးထားသည်။ ဧရာဝတီဘဏ်ခွဲ စုစုပေါင်း ၂၆၁ ခုအနက် နီးစပ်ရာ မြို့နယ် ရပ်ကွက်အလိုက် လက်ရှိတွင် ဘဏ်ခွဲ ၁၅၈ ခု တွင်သာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ ဝန်ဆောင်မှုများဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသော ဘဏ်ခွဲများ ဖွင့်လှစ်မည့် နေရက်များကို ထပ်မံ‌ကြေညာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဘဏ်ခွဲ ၁၅၈ ခုတွင် ဘဏ်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို အဆင်ပြေစွာဆောင်ရွက်နိုင်မည့် အပြင် ကျန်းမာရေးအတွက် လုံခြုံစိတ်ချစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသည်။ ထို့ပြင် ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများကို AYA mBanking ဖြင့် အိမ်မှသာ အဆင်ပြေစွာလုပ်ဆောင်နိုင်ပြီး မဖြစ်မနေ ဘဏ်သို့လာရမည် ဆိုပါက အောက်ပါဘဏ်ခွဲများသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြား ထားခြင်း ဖြစ်သည်။ မဖြစ်မနေ ပိတ်ထားရသော ဘဏ်ခွဲများမှ ဝန်ဆောင်မှုရယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာဘဏ်ခွဲ တာဝန်ခံများနှင့် Contact Centre (ဝ၁-၂၃၁ -၇၇၇၇) ကိုလည်း ၂၄ နာရီပတ်လုံး ဆောင်ရွက်မှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။ Customer များ လိုအပ်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ATM များ၊ KBZPay mobile wallet၊ KBZ iBanking နဲ့ mBanking အစရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် ဆက်လက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ အထက်ပါဘဏ်များကဲ့သို့ မဟုတ်သော်လည်း အချို့သောဘဏ်များအနေဖြင့် လည်း ဝန်ဆောင်မှုအချို့ကို ခေတ္တာရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ