နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးသတ်သမား ၁၂၀၀၀ ကျော် ငြှိမ်းသတ်နေသော်လည်း ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုကို မထိန်းနိုင်သေး

ဩဂုတ် ၂၂၊ ဝါရှင်တန်


ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် ဧရာမ တောမီးကို မီးသတ်သမား ၁၂၀၀၀ ကျော် ငြှိမ်းသတ်နေသော်လည်း မီးထိန်းနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ပြောသည်။ သစ်တောများနှင့် လူနေအိမ်များ လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ဂါဗင်နယူးဆမ်က သြစတြေးလျနှင့် ကနေဒါနိုင်ငံများထံမှ အကူအညီတောင်းခံထားသည်။ အမေရိကန်နိုင်ငံ ပြည်နယ်အများအပြားမှ အကူအညီများလည်း လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီဟု ဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု ၅၆၀ ရှိသည့်အနက် အချို့တောမီးများမှာ ပြည်နယ်သမိုင်းတစ်လျှောက် အကြီးမားဆုံးတောမီးများ ဖြစ်သည်။ 

အပူလှိုင်းဖြတ်နေချိန်အတွင်း မိုးကြိုးပစ်ခတ်မှု အကြိမ်ရေ ၁၂၀၀၀ ကျော် ဖြစ်ပွားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဟု ဆိုသည်။ တောမီးလောင်ကျွမ်းမှုအချို့မှာ တစ်ရက်အတွင်း အရွယ်အစားနှစ်ဆ ကြီးထွားလာခဲ့ရာ ဒေသခံ ၁၇၅၀၀၀ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ပြီးခဲ့သည့်သောကြာနေ့တွင် အရေးပေါ်ဌာနအရာရှိများက ပြောသည်။ '' ဒီတောမီးတွေက ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကိုရော၊ လူအင်အားကိုရော ပိုအသုံးပြုရအောင် လုပ်နေပါတယ် ''ဟု ဂါဗင်နယူးဆမ်က ပြောသည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကြီးမားသည့် ဘေးအန္တရာယ် ကြုံတွေ့နေရကြောင်း ကြေညာချက်ကို လက်မှတ်ရေးထိုးပေးရန် သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းထားကြောင်း ဂါဗင်နယူးဆမ်က ဆိုသည်။ တောမီးလောင်ကျွမ်းမှုများကြောင့် မီးသတ်သမားများအပါအဝင် အနည်းဆုံး လူ ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အအုံ ရာပေါင်းများစွာကို မီးလောင်ပြာကျစေခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ