နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် မီးလောင်၊ နေအိမ် ၁၀ လုံးဆုံးရှုံး

မန္တလေး ဩဂုတ် ၂၁


မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ကတ္တူရပ် အကွက်(၃၄၂)၊ ၃၇ လမ်းနှင့် ၃၈ လမ်း ကြား၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ အိမ်ရှင်(စုံစမ်းဆဲ)၏ နေအိမ်တွင် သြဂုတ် ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အနီးရှိနေအိမ်များကို ကူးစက်ကာ နေအိမ် ၁၀ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးသန်းဇော်ဦး၊ မန္တလေးခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင်တို့ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ဦး စုစုပေါင်း ၃၇၀ ဦးဖြင့် မီးလောင်မှုအဆင့် Level-3 သတ်မှတ်၍ မီးငြှိမ်းသတ်ယာဉ် ၄၈ စီး၊ မီးသတ်ရေသယ် ယာဉ် ၂၂ စီး အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးသတ်စက်ယာဉ် ၅ စီး စုစုပေါင်း ၇၈ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ရတနာဘုမ္မိအနောက် အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ကြပ်ကြီးလက်ထက် နောင်မှ    မီးငြှိမ်းသတ်စဉ် နောက်စေ့ကွဲဒဏ်ရာရရှိခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ မဟာအောင်မြေ အမှတ်(၇)နယ်မြေရဲစခန်းက မီးလောင်မှုအကြောင်းရင်းကို စစ်ဆေးလျက်ရှိပြီး အိမ်ရှင်(စုံစမ်းဆဲ)ကို ပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ