နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့ ဆာပါချောင် ကျောင်းစုရပ်ကွက် စိတ္တသုခလမ်းရှိ နေအိမ်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန် သြဂုတ် ၂၁


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဒလမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အောင်ကျော်၊   အမျိုးသမီး ဒုရဲအုပ်ဇွန်မီကို၊ ရဲတပ်ကြပ်ကြီးမင်းဇော်ဦး၊ ရဲတပ်ကြပ်သန်းစိန်၊ ရဲဒုတပ်ကြပ် ရန်အောင်၊ ဝင်းမောင်မောင်၊ လှဆွေ၊ ချစ်ဦးတို့နှင့်အတူ အသိသက်သေများပါဝင်ကြလျက် သြဂုတ် ၂၀ ရက်နေ့ည ၇ နာရီအချိန်ခန့်က ဆာပါချောင်ကျောင်းစုရပ်ကွက်၊စိတ္တသုခလမ်းရှိ မခင်သန္တာ၏နေအိမ်၌ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရနေအိမ်တွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းတွင်း ကြမ်းပြင်ပေါ်ရှိ ပန်းရောင်ပလတ်စတစ်ခွက်အတွင်းမှ အပြာရောင်ကပ်ခွာ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတန်းပါပန်းရောင်ဆေးပြား ၁၄၂ ပြား၊ အစိမ်းရောင်ဆေးပြား ၄ ပြား စုစုပေါင်းဆေးပြား ၁၄၆ ပြား၊  ၁၄ ဒသမ ၆ ဂရမ်၊  ပလတ်စတစ်အကြည်ဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါးဆေးခြောက်ဟုယူဆရသော စိမ်းညိုရောင်အရိုးအရွက်အစေ့ရောရာ တစ်ထုပ်လျှင် အလေးချိန်  ၂ ဂရမ် ခန့်စီပါ ၂၅ ထုပ် ၅၀ ဂရမ်ခန့်၊ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဆေးခြောက်ဟုယူဆရသော စိမ်းညိုရောင်အရိုးအရွက်အစေ့ရောရာ ၇၅ ဂရမ်ခန့်ရှိ အထုပ်တစ်ထုပ်နှင့်အတူ မူးယစ်ဆေးဝါးရောင်းချရရှိ​ငွေရောရာ ၁၀၇၆၀၀ ကျပ်နှင့် ပလတ်စတစ်အကြည်အိတ် အသေး ၅၀ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ယင်းမခင်သန္တာထွန်း(၃၅)နှစ်(ဘ)ဦးဉာဏ်ထွန်းဆိုသူကို ဒလမြို့မရဲစခန်းမှ၊ မယ(ပ)၃၃/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ၁၉(က)/ ၂၀(က)ဖြင့် အမှုဖွင့်ထားရှိပြီး ဒုရဲအုပ်အောင်သူရမှ အမှုစစ်ဖြစ်ဆောင်ရွက်ကာ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ထားကြောင်း သိရသည်။

အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ