နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကြောင့် အမေရိကန် အမှောင်ဖုံးခဲ့ရသည်ဟု ဂျိုးဘိုင်ဒင် စွပ်စွဲ

ဩဂုတ် ၂၁၊ ဝါရှင်တန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အမေရိကန်နိုင်ငံကို ကာလရှည်အမှောင်ဖုံးစေခဲ့သည်ဟု ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။ 


ယင်း၏ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့်မှာ အမျက်ဒေါသ၊ အကြောက်တရားနှင့် စိတ်ဝမ်းကွဲမှုများ အဆမတန်ဖြစ်စေခဲ့သည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။ ဂျိုးဘိုင်ဒင်၏ ခံစားမှုအသားပေးသည့် မိန့်ခွန်းမှာ ရာစုနှစ်တစ်ဝက်နီးပါး ကြာမြင့်သည့် နိုင်ငံရေးသမားဘဝတွင် ထိပ်တန်းအကျဆုံး မိန့်ခွန်းတစ်ရပ်ဟု သတ်မှတ်ထားကြသည်။ သဘောထားအမြင် ကောက်ခံမှုများအရ ဂျိုးဘိုင်ဒင်မှာ သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ထက် အသာရနေကြောင်း တွေ့ရသည်။ သို့သော် ရွေးကောက်ပွဲကျင်းပရန် အချိန် ၇၅ ရက် လိုနေသေးရာ ဒေါ်နယ်ထရမ့်အနေဖြင့် ကွာဟချက်ကို လျှော့ချနိုင်မည့် အချိန်ပမာဏ ရရှိနေသည်။ 


''အခု ကျွန်တော်ပြောချင်တဲ့စကားကတော့ ခင်ဗျားတို့ ကျွန်တော့်ကို သမ္မတရာထူးအတွက် ယုံကြည် မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ဆောင်ကျဉ်းပေးမှာပါ။ အဆိုးဆုံးကို ဆောင်ကျဉ်းမှာမဟုတ်ပါဘူး။ ကျွန်တော်က အလင်းရောင်ရဲ့ မဟာမိတ်ပါ။ အမှောင်ထုရဲ့ မဟာမိတ်မဟုတ်ပါဘူး။ အခုအချိန်ဟာ ကျွန်တော်တို့ လူထုစည်းလုံးညီညွတ်ပြီး အမှားမလုပ်ရမယ့်အချိန်ပါ။ အမေရိကန်ရဲ့ အမှောင်ဖုံးရာသီကို ကျော်လွန်အောင်လုပ်ရမယ့်အချိန်ပါ''ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ