နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း လူနာသစ် ၄၀၀၀ ကျော် တွေ့ရှိ

ဩဂုတ် ၂၁၊ ပါရီ


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇၇၁ ဦး အထိ မြင့်တက်ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀၀ ကျော် မြင့်တက်ခဲ့ခြင်းမှာ ပြီးခဲ့သည့်မေလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ စပိန်၊ ဂျာမနီနှင့် အီတလီ နိုင်ငံများတွင် ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလနောက်ပိုင်း လူနာသစ်အရေအတွက် စံချိန်တင် မြင့်တက်ခဲ့သည်။ 


စပိန်နိုင်ငံ၏ လူနာသစ်အများအပြားမှာ လူငယ်များဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမနေခြင်း၊ ပြည်ပမှ ပြန်လာသူများတွင် ရောဂါပိုးကူးစက်ခံရသူများ ပါဝင်နေခြင်းကြောင့် ဂျာမနီနိုင်ငံတွင် လူနာသစ် ပမာဏ မြင့်တက်ခဲ့ခြင်းဟု ဆိုသည်။ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်သည့် ဗြိတိန်နိုင်ငံတွင်လည်း ပြီးခဲ့သည့်ကြာသပတေးနေ့က လူနာသစ် ၁၁၈၂ ဦး တွေ့ရှိခဲ့သည်။ ဗြိတိန်နိုင်ငံတွင် သြဂုတ်လအလယ်ပိုင်းကတည်းက လူနာသစ်တွေ့ရှိမှု မြင့်တက်လာခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံမှာ ရောဂါစစ်ဆေးမှု အတိုင်းအတာကို တိုးမြှင့်ခဲ့ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ရောဂါစစ်ဆေးမှု ၆၆၄၀၀၀ အထိ လုပ်ဆောင်ခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် ရောဂါပိုးတွေ့ရှိသည့် လူနာအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လအကုန်က ရောဂါပိုးတွေ့ရှိမှု ပမာဏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသော်လည်း သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်ကြားကာလအတွင်း ရောဂါပိုးတွေ့ရှိမှု ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ