နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးဗီဇပြုပြင်ထားသည့် ခြင်အကောင်ရေ သန်း ၇၅၀ လွှတ်ပေးရန် ဖလော်ရီဒါပြည်နယ် အရာရှိများ အတည်ပြု

ဩဂုတ် ၂၁၊ ဝါရှင်တန်


ဒေသတွင်း ခြင်ရိုင်းအကောင်ရေ လျှော့ချနိုင်စေရန်အတွက် မျိုးဗီဇပြုပြင်ထားသည့် ခြင်အကောင်ရေ သန်း ၇၅၀ ကို လွှတ်ပေးရန် ဖလော်ရီဒါပြည်နယ်ရှိ ဒေသခံအရာရှိများက အတည်ပြုပေးခဲ့သည်။


သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ် စသည့်ရောဂါပိုးမွှားများ သယ်ဆောင်နိုင်သော ခြင်အကောင်ရေ လျှော့ချရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ 


မလိုလားအပ်သည့် ဆင့်ကဲသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်အဖွဲ့များက ဝေဖန်ထောက်ပြခဲ့ပြီး အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ပြီးနောက် ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကြောင့် ဂေဟစနစ်ထိခိုက်နိုင်ပြီး ပိုးသတ်ဆေးဒဏ်ခံနိုင်သည့် မျိုးစပ်ခြင်များ ဖြစ်ပေါ်လာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။ ယင်းလုပ်ရပ်ကြောင့် အများပြည်သူများအနေဖြင့် Jurassic Park (သဘာဝကို လွန်ဆန်ခြင်းကြောင့် ဘေးအန္တရာယ် ကြုံတွေ့ရကြောင်း ရိုက်ကူးထားသည့် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း) အတွေ့အကြုံများ ကြုံတွေ့ရနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ဖွဲ့က ရှုတ်ချခဲ့သည်။


သို့သော် ယင်းတို့၏စီမံကိန်းမှာ လူသားများနှင့် သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုး မရှိကြောင်း၊ အစိုးရက ပံ့ပိုးမှုဖြင့် အသေးစိတ်ချင့်ချိန်သုံးသပ်သည့် သုတေသနအများအပြား ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါစီမံကိန်းတွင် ပါဝင်သည့်ကုမ္ပဏီက ပြောသည်။ မျိုးဗီဇပြုပြင်ထားသည့် ခြင်များကို   ၂၀၂၁ ခုနှစ်တွင် Florida Keys ကျွန်းများတွင် လွှတ်ပေးမည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ