နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၁


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၀ ရက်၊  မွန်းလွဲ ၁ နာရီခွဲအချိန် မရမ်းကုန်းမြို့နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်တွင် အေးမင်းထွေးထံမှ အရိုးအသွား(၁၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များသည် ဩဂုတ် ၂၁ ရက်၊ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် (၁၀၈)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်၌ အောင်ရွှေဟိန်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီခွဲအချိန်တွင် သော်က ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ကုန်းတလပေါင်ကျေးရွာ၊ ရွှေစေတီ ကားလမ်းမပေါ်၌ မျိုးဇော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ စကေဘာတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် ည ၁၀ နာရီအချိန်တွင် (၆၃)ရပ်ကွက်၊ သံတွဲလမ်းမ ပေါ်၌ ဇော်လင်းမောင်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီခွဲအချိန်တွင် မျိုးမြင့်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် စက်မှုဇုန်(၄)၊ မင်းကြီး မဟာခေါင်လမ်းမပေါ်၌ လင်းလင်း ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ