နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာမြို့နယ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၂၁


  ဩဂုတ် ၁၉ ရက်၊ မွန်းခွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တောင်ငူလမ်းနှင့်လှသောင်း လမ်းထောင့်တွင် တွေ့ရှိသည့် သန့်ဇင်ထွန်းအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

ဆက်လက်၍ ကွင်းဆက်အရ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အင်းဝလမ်း၊ အမှတ်(၁၄၀၁)နေ မြင့်ဌေး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မြင့်ဌေးအား မတွေ့ရှိဘဲ သန်းဇော်ဦးနှင့် အောင်ကျော်ဦးတို့အားတွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းနှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သော သန့်ဇင်ထွန်း(၃၇)နှစ်၊ သန်းဇော်ဦး(၃၁)နှစ်၊ အောင်ကျော်ဦး (၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ