နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုပန်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဟိုပန် ဩဂုတ် ၂၁


 ဩဂုတ် ၁၉ ရက်၊ ည ၉ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ဟိုပန်မြို့နယ်၊ ဟိုပန်-ချင်းရွှေဟော်သွားကားလမ်းတွင် AD VAN အမျိုးအစားခရီးသည်တင် မော်တော်ယာဉ်နှင့် ၎င်းယာဉ်နောက်မှလိုက်ပါလာသည့် အောင်ဆွေ(ခ)စည်သူ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်တို့ကိုရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ကာဘာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ ၎င်းထံမှလက်ကိုင်ဖုန်း(၁)လုံးနှင့် ခရီးသည်တင်ယာဉ်ပေါ်တွင် အောင်ဆွေ(ခ)စည်သူ တင်ဆောင်ပေးလိုက်သည့် ဆောင်းဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၃,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အောင်ဆွေ(ခ)စည်သူ(၂၉)နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ 

အလားတူ ဩဂုတ် ၁၉ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာနေ ကျလော၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၎င်းနေအိမ်အတွင်းရှိ လွယ်အိတ်အတွင်းနှင့် သံသေတ္တာအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ကျလော(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ