နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြင်ဦးလွင် ဩဂုတ် ၂၀


 ဩဂုတ် ၁၈ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်း၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းရှေ့တွင် ကျော်ဆန်းဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဆန်းဦး (၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၁၈ ရက်၊ နံနက် ၁၀ နာရီအချိန် ကောလင်းမြို့နယ်၊ ခန်သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ကောလင်းမြို့နယ်၊ ထီးချိုင့်-ကျောက်တန်းသွားကားလမ်း၊ ကညို့အင်းကျေးရွာအနီးတွင် ဝင်းဌေးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းဌေး(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ