နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၀


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၉ ရက်၊ နံနက် ၁ နာရီခွဲအချိန်တွင် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် (၁၅၅) လမ်းမပေါ်၌ လင်းကိုကို ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် (၂)ရပ်ကွက်၊ မေတ္တာလမ်းနှင့် နတ်စင်လမ်းထောင့်၌ အောင်ထွေးထံမှ အရိုးအသွား(၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ် ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ဒဂုံဧရာအဝေးပြေး ကားဝန်းအတွင်း၌ မျိုးမင်းဦးထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းနှင့် ၁၉၀၅ အချိန်တွင် (၁၀)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ်၌ သူရိန်ထွန်း ထံမှ အရိုးအသွား (၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် ဘုရားကုန်းလမ်းဆုံ၌ ကျော်မိုးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံ စည်ပင်ဝင်းအတွင်း၌ ပြည့်ဖြိုးကျော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ