နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YRTA Smart Card နှင့် ချိတ်ဆက်ကာ YBS ကားများတွင် Telematic စနစ်ဖြင့်ထိန်းချုပ်မည်

ရန်ကုန်   ဩဂုတ်  ၂၀


YBS ကားများကိုဘရိတ်ဘယ်နှစ်ချက်အုပ်သည်ကအစ သိရှိနိုင်မည့် Telematic စနစ်ကို YRTA Smart Card နှင့်ချိတ်ဆက်ကာ စောင့်ကြည့်ထိန်းချုပ်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ၊မန်နေဂျင်းဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။

"မရပ်သင့်တဲ့နေရာရပ်မယ်၊ ကားမှတ်တိုင်မဟုတ်တဲ့နေရာပေါ့။ ကားပျောက်တဲ့ယာဉ်ပိုင်ရှင်တွေလည်း လှမ်းဆက်သွယ်နိုင်မယ်။ ဒီစက်တွေက ကားအောက်ပိုင်းမှာတပ်တာဆိုတော့ မမြင်ရဘူး။ ဒါတွေကို ဖျက်ဆီး တာက ယာဉ်မောင်းတွေက ကတ်ကြေးနဲ့ဝါယာကြိုးကိုဖြတ်တယ်။ ဘရိတ်ဘယ်လောက်အုပ်သလဲဆိုတာက စသိနိုင်တယ်" ဟု YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။

ယာဉ်မောင်းများလမ်းပြောင်းပြန်မောင်းခြင်း၊ ဘရိတ်ကြမ်းကြမ်းနင်းခြင်း၊ မတော်တဆမှုမှတ်တမ်း၊ ယာဉ်မတော်တဆမှုများ အပါအဝင်စသည့် အကြောင်းအရာများကို တိုက်ရိုက်စောင့်ကြည့်နိုင်သလို ယာဉ်မောင်း နှင့် တိုက်ရိုက်ပြောဆိုခြင်း၊ အရေးပေါ်အကူအညီတောင်းခံမှုများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် Telematic  စနစ်သည် ခရီးစဉ်လမ်းကြောင်းကြာချိန်၊ ယာဉ်ထွက်ခွာချိန်၊ ရောက်ရှိချိန်၊ သတ်မှတ်မိုင်နှုန်း မောင်းနှင်ခြင်း ရှိ၊မရှိ၊ ထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိ၊မရှိ၊ ဘရိတ်နင်းသည့် အကြိမ်အရေအတွက် စသည့်အချက်တွေကို  Yangon Bus Operatorမှ တိုက်ရိုက် ကြည့်ရှုထိန်းချုပ်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် YBS ယာဉ်မောင်းများကို YBS ယာဉ်မောင်းစမတ်ကတ် ၈၉၃၃ ခုထုတ်ပေးထားပြီး YRTA Smart Card မှတစ်ဆင့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို တိုက်ရိုက်ဆက်သွယ် ထိန်းချုပ်နိုင်သည့် Telematic စနစ်ကို လတ်တလောတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ YBS ယာဉ်များတွင် စတင် စမ်းသပ်နေကြောင်းသိရသည်။

အဆိုပါစမ်းသပ်မူများ  အောင်မြင်ပါက YBS ယာဉ်များ အားလုံးတွင် ချိတ်ဆက်အသုံးပြုနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်သည်။ လက်ရှိ YBS ကားအချို့တွင် တပ်ဆင်ထားသည့်Telematic စက်များကို ယာဉ်မောင်းများက ရည်ရွယ်ချက်ရှိရှိ နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးနေမှုများရှိကြောင်းသိရသည်။       


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ