နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖောင်ကြီး Covid 19 Medical Centre အတွက် SSC ဆေးရုံမှ ပူးပေါင်းပါဝင်

ရန်ကုန် ဧပြီ ၂၀ Covid-19 ရောဂါပိုးရှိသူများကို ကမ္ဘာတစ်ဝန်းမှာသာမက မြန်မာနိုင်ငံတွင်းတွင်ပါ ကုသပေးနေကြသော နေရာကဏ္ဍအသီးသီးမှ ဆရာဝန်၊ သူနာပြု ဆရာမများ အထူးသဖြင့် အစိုးရဆေးရုံကြီးများတွင် ရှေ့တန်းမှ တာဝန်ယူကုသပေးနေကြသော ဆရာဝန်ကြီးများ၊ ဆရာဝန်ငယ်များ၊ သူနာပြု ဆရာမများ၊ သူနာပြု အကူများ၊ ပံ့ပိုးဆောင်ရွက်ရသည့် ဓာတ်မှန်ကျွမ်းကျင် ပညာရှင်များ၊ ဓာတ်ခွဲကျွမ်းကျင် ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ အားလုံးတို့၏ လေးစားဖွယ်ကောင်းသော စိတ်ဓာတ် တို့ကို လေးစားအားကျစွာဖြင့် SSC ဆေးရုံနှင့် ပင်လုံဆေးရုံတို့မှ Team Leader - ၂ ဦး ဆရာဝန် - ၁၀ ဦး သူနာပြုဆရာမ၊ သူနာပြုအကူ - ၃၅ ဦး ဆေးဝါးကျွမ်းကျင် - ၁ ဦး ဆေးဝါးကျွမ်းကျင်အကူ - ၆ ဦး ဓာတ်မှန်ကျွမ်းကျင်အကူ - ၃ ဦး ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း - ၆ ဦး Home keeping & သန့်ရှင်းရေး - ၈ ဦး ကားဆရာ - ၁ ဦး တို့သည် မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများ အသင်းကို ကိုယ်စားပြု၍ Covid 19 Medical Centre (ဖောင်ကြီး) ရန်ကုန်သို့ ဧပြီ ၂၀ ရက်တွင် သွားရောက်၍ Covid-19 ကူးစက်မှု ခံယူထားသော ရောဂါဝေဒနာရှင်များအား ကုသရာတွင် လုပ်အားပေး တာဝန် ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။ (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ