နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပခုက္ကူခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းသူ ၉၉ ဦးရှိ

ပခုက္ကူ  ဩဂုတ် ၂၀


၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပခုက္ကူခရိုင်တွင်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၉၉ ဦးရှိကြောင်း ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်  ၃ နေရာ၊  အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ စုစုပေါင်း ၁၈ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၉၉ ဦးရှိကြောင်း သိရသည်။ 

ပခုက္ကူခရိုင်တွင် ရပ်ကွက် (၅၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၂၉) အုပ်စု၊ ကျေးရွာပေါင်း (၄၈၃) ရွာရှိပြီး    လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းသူအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးတို့ဖြစ်ကြောင်း သိရသည်။ 

ဆလိုင်းကိုကီး






အခြားဆက်စပ်သတင်းများ