နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုမှသည်

ရန်ကုန်   ဩဂုတ်  ၂၀


ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ရှေးပဝေသဏီကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှာန်းနှင့် နေထိုင်လာ ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိခဲ့သည်။ မြန်မာတို့အစဉ်အလာအရ ဝတ်စား၊ ဆင်ယင်၊ ပြောဆို၊ ကျင့်ကြံ နေထိုင်မှုအားလုံးသည် မြန်မာမှုယဉ်ကျေးမှုပင် ဖြစ်သည်။ လူသည် သတ္တလောကတွင် အရာရာကိုချုပ်ကိုင်ထား ပြီး မိမိတို့လိုလားရာကို စိတ်တိုင်းကျခံစားနိုင်သော သတ္တဝါတစ်မျိုးအဖြစ် ရပ်တည်နိုင်ခြင်းမှာ အခြားသော သတ္တဝါများထက် ယဉ်ကျေးသောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် ရေ၊မြေ၊ တော၊ တောင်မတူသောသောကြောင့် တိုင်းရင်းသားလူမျိုးတစ်စု ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံ့ဆင်း ညီအစ်ကိုမောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှုအတူတူပင်ဖြစ်သည်။ ယဉ်ကျေးမှုဟုဆိုလျှင် စားဝတ်နေရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစာကား၊ အနုပညာစသည်တို့ အကျုံးဝင်ပါသည်။ ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူနိုင်ပါ။ ရာသီဥတုအခြေအနေ ပထဝီအနေအထားအရ ပြောင်းလဲတတ်သည် သဘောရှိသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တည်တံ့ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင် များစွာမူတည်သည်။

မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် မြန်မာ့ယဉ်ကျေးမှုကို သိမ်မွေ့ပြေပြစ်သော အပြုအမူ၊ လူမှုအဆင့်အတန်း၊ ပြောင်းလဲတိုးတက်လာသော တတ်သိလိမ္မာမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ရိုးရာယဉ်ကျေးမှုဆိုသည်မှာ ဘိုးဘွားဘီဘင်တို့ လက်ထက်မှစ၍ ယနေ့ထိဆက်ခံကျင့်သုံးခဲ့သော ဓလေ့ထုံးစံတို့ကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန်မြတ်သော ရိုးရာယဉ်ကျေးမှု များစွာရှိသည်။

 မြန်မာတို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရား ကိုင်းရှိုင်းကြသည်။ သူတစ်ပါး အပေါ်တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်သည်။ မြန်မာတို့သည် ငွေကြေးမချမ်းသာ သော်လည်း မေတ္တာ၊ စေတနာချမ်းသာကြသည်။ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်ထဲသို့ ဆိုးရွားသော အခြားယဉ်ကျေး မှုများ လုံးလုံးလျားလျား ထိုးဖောက်ဝင်ရောက်လာလျှင် ကျွန်ုပ်တို့နိုင်ငံ၏အရေးသည် အခြားအာရှနိုင်ငံ များအဖြစ်နှင့် တူပေတော့သည်။ ညောင်ပင်ငယ်သည် တဖြည်းဖြည်းကြီးထွားလာကာ အလွန်ကြီးမားသော သစ်ကြီး၊ ဝါးကြီး၊ ကုက္ကိုပင်ကဲ့သို့သော သစ်ပင်ကြီးများကို ဝါးမျိုနိုင်သည်ဟု သတိချပ်သင့်သည်ဟု ဆိုချင်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ