နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်မိခဲ့ဖွယ်ရှိပြီး ဆေးရုံတွင် သတိလစ်နေ

ဩဂုတ် ၂၀၊ မော်စကို


ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီမှာ အဆိပ်မိသည်ဟု ယူဆရသည့်အခြေအနေဖြင့် ဆေးရုံတွင် သတိလစ်နေကြောင်း ယင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားသူ နာဗယ်နီမှာ ယနေ့နံနက်ပိုင်းက တွမ့်စ်မြို့မှ မော်စကိုမြို့သို့ ပြန်လာသည့် လေကြောင်းခရီးစဉ်တွင် ဝေဒနာခံစားခဲ့ရခြင်းကြောင့် ယင်းလိုက်ပါလာသည့် လေယာဉ်ကို အွန်ဆက်မြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ပြောရေးဆိုခွင့်ရှိသူ ကီရာယာမက်ရှ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ နာဗယ်နီမှာ လက်ဖက်ရည်အတွင်း အဆိပ်ခပ်ခံရသည်ဟု ယူဆထားကြောင်း ယင်းက ဆိုသည်။ 


''ဒီနေ့မနက်ပိုင်းမှာ သူလက်ဖက်ရည်တစ်ခွက်ပဲ သောက်ခဲ့တာပါ။ လက်ဖက်ရည်ထဲမှာ အဆိပ်ခပ် ထားတယ်လို့ ယူဆမိတယ်။ အဆိပ်က ပူနွေးတဲ့ရေထဲမှာ ပိုပြီးပျော်ဝင်လွယ်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ အခုထိတော့ နာဗယ်နီ သတိလစ်နေတုန်းပဲ''ဟု ကီရာယာမက်ရှ်က ဆိုသည်။


နာဗယ်နီ ဆေးရုံတက်နေရသည်ဆိုခြင်းကို ဆေးရုံတာဝန်ရှိသူများကလည်း အတည်ပြုထားသည်။ အသက် ၄၄ နှစ်ရှိသည့် နာဗယ်နီမှာ ရုရှားသမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်သည်။ ရုရှားနိုင်ငံ၏ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရန် မဲပေးမှုမှာ အာဏာသိမ်းမှုဖြစ်ပြီး အခြေခံဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ပြီးခဲ့သည့်ဇွန်လတွင် နာဗယ်နီက ပြောသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုကြောင့် ပူတင်မှာ သမ္မတအဖြစ် နောက်ထပ်သက်တမ်း ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ