နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ မီတာဘေလ်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေငြာ

ရန်ကုန် ဧပြီ ၂၀ COVID-19 ရောဂါမှ ကာကွယ်နိုင်စေရန်အတွက် လမ်းမ‌‌တော်မြို့နယ်အတွင်းရှိပြည်သူများသို့ မီတာဘေလ် ပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေငြာခြင်းအား ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက လမ်းမတော်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။ အဆိုပါအသိပေးကြေငြာချက်တွင် မီတာဘေလ် ပေးဆောင်ခြင်းကြောင့် လူစုလူဝေးများဖြစ်ပေါ်လာနိုင် သဖြင့် ရောဂါကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် မီတာဘေလ် ပေးဆောင်ရမည့် နောက်ဆုံးရက်ကျော်လွန် ပါက ဓာတ်အားဖြတ်တောက်မှု ပြုလုပ်မည်မဟုတ်‌‌ကြောင်း၊ ရက်လွန်ဒါဏ်ကြေးအား ယခုတစ်လအတွင်း ပေးဆောက်ရန်မလိုအပ်ခြင်းနှင့် မီတာဘေလ်ပေးဆောင်ခြင်းအား လမကုန်မီရက်အတွင်း လူရှင်းသည့်အချိန်၌ လာရောက်ပေးဆောင်ခြင်းဖြင့် ကူညီပေးကြပါရန်စသည်ဖြင့် အသိပေးကြေငြာခဲ့ကြောင်းသိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ