နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်၌ Mark II ယာဉ် ခိုးယူသွားသူများအား ဖော်ထုတ်အရေးယူ

ရန်ကုန် ဩဂုတ် ၁၉


 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၁၀တောင်/(၁၂)ရပ်ကွက်နေ ဦးဌေးအောင်(၆၄)နှစ်သည် ဩဂုတ် ၆ ရက်၊ နံနက် ၇ နာရီအချိန်တွင် အလုပ်သွားရန်ပြင်ဆင်နေစဉ်   ၎င်းနေအိမ်ရှေ့တွင် ရပ်ထားသည့် 5D/XXXX Mark II ယာဉ်မှာ ပျောက်ဆုံးနေသဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့သော်လည်းမတွေ့ရှိ၍ ဩဂုတ် ၁၃ ရက်တွင် ဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း(ပ)၇၉၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ ဦးဌေးအောင်၏နေအိမ်တွင် လွန်ခဲ့သောတစ်လခန့်မှစ၍ အိမ်အကူလာရောက်လုပ်ကိုင်နေသည့် ကလိန်အောင်မြို့နယ်၊ ရေပုံးကျေးရွာနေ နော်ခင်အေးစိုး(၃၉)နှစ်မှာ ကားပျောက်ဆုံးသည့်နေ့မှစ၍ နေအိမ်သို့ လာရောက်ခြင်းမရှိကြောင်းနှင့် CCTV မှတ်တမ်းများအရ 5D/XXXX ယာဉ်သည် ရန်ကုန်မြို့မှ မြဝတီမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သိရသဖြင့် မြဝတီမြို့မရဲစခန်းသို့ ကူညီစုံစမ်းဖမ်းဆီးပေးရန် ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

 မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၇ ရက်၊ ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၌ နော်ခင်အေးစိုးနှင့် ယာဉ်မောင်းဟိန်းသူဇော်(ခ)အာမီ(၂၈)နှစ်အား ပျောက်ဆုံးသွားသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ