နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံးမှ မီတာခပေးဆောင်ခြင်းနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးပန်ကြား

ရန်ကုန် ဧပြီ ၂၀ တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ COVID-19 ရောဂါကာကွယ်ရေးအတွက် မီတာခ ပေးဆောင်ရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် မီတာခရက်လွန်ကြေးအား တစ်လတိတိ ကောက်ခံခြင်း ပြုသွားမည်မဟုတ်ကြောင်း ဧပြီ ၂၀ ရက်၊ နံနက်က မိဘပြည်သူများသိရှိနိုင်ရန် အသိပေးပန်ကြားခဲ့သည်။ အသိပေးပန်ကြားချက်တွင် မီတာခပေးဆောင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်များဖြစ်သော ဧပြီလ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက်နေ့များအား ယခုအခါတွင် မေလ ၂၀ ရက်အထိနောက်ဆုံးထား၍ ပေးဆောင်နိုင်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မီတာခပေးဆောင်ရမည့် နောက်ဆုံးရက် ကျော်လွန်သွားခဲ့ပါက နောက်နေ့များတွင်လည်း လာရောက်ပေးဆောင်နိုင်ပါကြောင်း၊ ရက်လွန်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ် ကြောင်းနှင့် မီးဖြတ်တောက်မှုမပြုပါကြောင်း၊ နေ့စဉ်ငွေကောက်ကောင်တာများအား ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ အသိပေးပန်ကြားထားကြောင်း သိရသည်။ နေထက်အောင်






အခြားဆက်စပ်သတင်းများ