ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီရိဝင်း ဆွေထွန်း၊ ဒေါက်တာနော်ဆုဆုလွင်၊ ကျန်းမာရေးမှူးဒေါ်စန်းစန်းဦးတို့ ဦးဆောင်သော အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ (၄၁)ရပ်ကွက်၊ (၅၁) ရပ်ကွက် အတွင်းရှိ နေအိမ် များအား ဩဂုတ် ၁၈ ရက် နံနက် ၈ နာရီက တစ်အိမ်တက်ဆင်း အဘိက်ဆေးခတ်၍ အသိပညာပေးဆောင်ရွက်ခဲ့စဉ်။
မြင့်ရီ(ပြန်/ဆက်)