နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းဆတ်မြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေလုပ်သား(၃၁၀) ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိ

မိုင်းဆတ်၊ဩဂုတ်၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေလုပ်သား (၃၁၀)ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိနေကြောင်း မိုင်းဆတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ Cash For Work စီမံကိန်းသည်နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေကာ ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ သောက်ရေကန်များတူးဖော်ခြင်းနှင့်အခြေခံအဆောက်အဦများ ဆောင်ရွက် ခြင်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးနိုင်လင်းဦးက ပြောကြားသည်။

ထိုစီမံကိန်း၏ခွင့်ပြုရန်ပုံငွေထဲမှ ၆၀ ရာခိုင်နှုန်းကိုလုပ်အားခအဖြစ်သုံးစွဲပြီး ၄၀ ရာခိုင်နှုန်းကိုလုပ်ငန်း ပစ္စည်းဖိုးသုံးစွဲရမှာဖြစ်ကြောင်း၊ တစ်နေ့လုပ်အားခကို ၄၈၀၀ ကျပ်မှ ၆၀၀၀ ကြား သတ်မှတ်ထားကြောင်း နှင့်မိုင်းဆတ်မြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ(၇)ရွာရှိပြီးအဆိုပါကျေးရွာ(၇)ရွာမှကျေးရွာနေ လုပ်သား ၃၁၀ ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများ ရရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထွန်းမြင့်အောင်






အခြားဆက်စပ်သတင်းများ