နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တောင်ကြီး ဩဂုတ် ၁၈


  ဩဂုတ် ၁၇ ရက်၊ နံနက် ၁ နာရီခွဲအချိန် တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံအနီးတွင် ပြည့်ဖြိုးဦး မောင်းနှင်ပြီး ကျော်သူဟိန်း(ခ)ပိုးယား လိုက်ပါလာသော Mark II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၃၂ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ပြည့်ဖြိုးဦး(၃၂)နှစ်၊ ကျော်သူဟိန်း(ခ)ပိုးယား(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

အလားတူ ဩဂုတ် ၁၆ ရက်၊ ညနေ ၃ နာရီခွဲအချိန် ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်နိုင်ဝင်း(ခ) မတ်ဟူရှင်(ခ)မတ်ရှင်နှင့်  အောင်နိုင်တူး(ခ)မန်ဂျားလာ တို့အားရှာဖွေရာ အောင်နိုင်တူး(ခ)မန်ဂျားလာ လွယ်ထားသောကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၈၂၈ ပြား  သိမ်းဆည်းရမိခဲ့သဖြင့် အောင်နိုင်ဝင်း(ခ)မတ်ဟူရှင်(ခ)မတ်ရှင်(၃၇)နှစ်၊ အောင်နိုင်တူး(ခ)မန်ဂျားလာ(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ