နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၁၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၈ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (ဋ)ရပ်ကွက်၊ သင်္ချေလမ်းမပေါ်၌ တေဇာအောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီအချိန်တွင် (၂၃)ရပ်ကွက်၊ အောင်ဇဗ္ဗူ လမ်းမပေါ်၌ ရဲဝင်းအောင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ ရန်ကုန် -ပုသိမ် ကားလမ်းမကြီးပေါ်၌ အာကာဦးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်း၊  ည ၈ နာရီအချိန်တွင် အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်းမပေါ်၌ သန့်ဇော်ဦးထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲ တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် လွင်ကိုဦးထံမှ အရိုးအသွား (၁၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် (၁၁)ရပ်ကွက်၊ ရွှေလင်းယုန်လမ်းမ ပေါ်၌ မင်းဟိန်းကျော်ထံမှ အရိုးအသွား(၂၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီအချိန်တွင် (၁၂)ရပ်ကွက်အတွင်း လမ်းမပေါ်၌ အရှည်ကြီးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက် အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ