နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ အလှူပစ္စည်းများလာရောက်လှူဒါန်း

ရန်ကုန် ဧပြီ ၂၀ CIVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် တာဝန်ထမ်းဆောင်နေရသည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဝန်ထမ်းများအသုံးပြုရန်အတွက် ယနေ့နံနက် ၁၀ နာခွဲ အချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ခန်းမ (၁) ၌ SHIN RAI COMPANY LIMITED မှအလှူပစ္စည်း များလာရောက်လှူဒါန်း ရာ ရန်ကုန်မြို့တော်ဝန် နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ယနေ့လာရောက်လှူဒါန်းသော အလှူ ပစ္စည်းများမှာ သာမာန် Mask (၁၀၀၀၀)၊ဆေးရုံသုံး Mask (၂၀၀၀)၊ဆေးရုံသုံးလက်အိတ် (၁၀၀၀)၊PPE ဝတ်စုံ (၁၅) စုံ၊PPE မျက်မှန် (၁၅) ခု၊ပိုးသတ်ဆေးရည်ပုံး (၂၀) အားလာရောက်လှူဒါန်းခဲ့ကြောင့်သိရသည်။ အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်) ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ