နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးအမြန်ရထားအချိန်ပြောင်းလဲပြေးဆွဲ

ရန်ကုန် ဧပြီ ၁၉ ရန်ကုန်-မန္တလေးခရီစဉ်ပြေးဆွဲနေသောအမှတ်(၁၁)အဆန်နှင့်အမှတ်(၁၂)အစုန်အမြန်ရထား နှစ်စီး၏ ခရီးဆုံးဘူတာများသို့ရောက်ရှိချိန်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကန့်သတ်ထားသည့်အချိန်အထက်ကျော်လွန်နေသဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်မှ စတင်ပြီး အမှတ်(၁၁) အဆန်နှင့် အမှတ်(၁၂)အစုန်ရထားများပြေးဆွဲခြင်းအစားအမှတ်(၃)အဆန်နှင့် အမှတ်(၄)အစုန်ရထားများပြောင်းလဲပြေးဆွဲ မည်ဖြစ်သည်။ အမှတ်(၃)အဆန်ရထားသည်ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာပြီး မန္တလေးသို့ နောက်တစ်နေ့နံနက် ၉ နာရီတွင် ရောက်ရှိမည်။ အမှတ်(၄)အစုန်ရထားသည်မန္တလေးမှ ညနေ ၄ နာရီ မိနစ်၃၀တွင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် ၁၀ နာရီတွင် ရောက်ရှိမည်။ အမှတ် (၃)အဆန်နှင့်အမှတ်(၄)အစုန်အမြန်ရထားများ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ဧပြီ ၃၀ ရက်အထိ ပြေးဆွဲပေးမည်ဖြစ်သည်။ လမ်းခရီးတွင်တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တံဆာ၊ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ဖြူး၊ ဇေယျဝတီ၊ တောင်ငူ၊ ရေတာရှည်၊ ဆွာ၊ မြို့လှ၊ ရေနီ၊ သာဝတ္တိ၊ ဧလာ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ