နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ် ဩဂုတ် ၁၇


 ဩဂုတ် ၁၆ ရက်၊ ၁၀ နံနက်ခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ နမ့်စန့်ဂိုဒေါင်ကျေးရွာနေ မလရှမ်းမာရွယ်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြားနှင့် ဘိန်းဖြူ ၀ ဒသမ ၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မလရှမ်းမာရွယ်(၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဩဂုတ် ၁၆ ရက်နေ့ ၂၀၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ တော်လန်ကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်မိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပါသည်။

ဆက်လက်၍ ကွင်းဆက်အရ ည ၈ နာရီခွဲအချိန်တွင် ရွှေကူမြို့နယ်၊ ကိုင်းရွာကျေးရွာ အနီးရှိစားသောက်ဆိုင်၌ မမြင့်မြင့်စိုး အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မိုး(၂၈)နှစ်၊ မမြင့်မြင့်စိုး(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ