နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လောင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပင်လောင်း ဩဂုတ် ၁၇


 ဩဂုတ် ၁၆ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာနေ တီးခွန်(ခ)အောင်ခမ်း ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းရှိပလိုင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၀၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် တီးခွန်(ခ)အောင်ခမ်း(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဩဂုတ် ၁၆ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာ၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် စိုးမိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်း ဆည်း ရမိခဲ့ သဖြင့် စိုးမိုးအောင်(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ