နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖာရာရီကားကုမ္ပဏီက နှာခေါင်းစည်းတွင် တပ်သည့် အဆို့ရှင်နှင့် ပိုက်ဆက်များ ထုတ်လုပ်ပေးမည်

ဧပြီ ၁၉၊ ရောမ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ဘေးကို တုံ့ပြန်လှုပ်ရှားရာတွင် ပါဝင် ကူညီသည့်အနေဖြင့် အကာအကွယ်နှာခေါင်းစည်းများတွင် တပ်ဆင်နိုင်သည့် အဆို့ရှင်များနှင့် ပိုက်ဆက် များ ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ကားများ ထုတ်လုပ်သည့် ဖာရာရီ(Ferrari)ကုမ္ပဏီက ကြေညာခဲ့သည်။ '' ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပံ့ပိုးကူညီမှုတစ်ရပ်အနေနဲ့ အကာအကွယ် နှာခေါင်းစည်းတွေမှာ တပ်ဆင်နိုင်တဲ့ အဆို့ရှင်နဲ့ ပိုက်ဆက်တွေကို မာရာနယ်လိုစက်ရုံမှာ စတင်ထုတ်လုပ်ပေးသွားမှာပါ။ လာမယ့်ရက်ပိုင်းအတွင်း ဖာရာရီကုမ္ပဏီက ပစ္စည်းကိရိယာ ရာနဲ့ချီ ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်''ဟု ဖာရာရီကုမ္ပဏီက ကြေညာခဲ့သည်။ ဖာရာရီကုမ္ပဏီမှ ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို အီတလီနိုင်ငံရှိ ဆေးရုံအများအပြားသို့ ဖြန့်ချိပေးသွားမည်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများကို ပံ့ပိုးပေးသည့် ဖာရာရီကုမ္ပဏီ၏ အားထုတ်ကြိုးပမ်းမှုများအတွက် အီတလီနိုင်ငံ က ဂုဏ်ယူကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ယိုက ယင်း၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ