နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် ဗြိတိန်ဘုရင်မကြီးက မွေးနေ့အထိမ်းအမှတ် သေနတ်ပစ်ဖောက်အောင်ပွဲခံမည်မဟုတ်

ဧပြီ ၁၉၊ လန်ဒန် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင် သင့်တော်ခြင်းမရှိဟု ယူဆသည့်အတွက် ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)က ယင်း၏ မွေးနေ့တွင် လုပ်ရိုးလုပ်စဉ်ဖြစ်သည့် သေနတ်ပစ်ဖောက် အောင်ပွဲခံခြင်း လုပ်မည်မဟုတ်ကြောင်း တော်ဝင်မိသားစု၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)မှာ ဧပြီလ ၂၁ ရက်တွင် ၉၄ နှစ်ပြည့်မြောက်ဖြစ်သည်။ ဘုရင်မကြီး၏ မွေးနေ့ပွဲတွင် တော်ဝင်မိသားစုဝင်များနှင့် ဖုန်းဆက်ခြင်း၊ ဗီဒီယိုမှတစ်ဆင့် ဆက်သွယ်ခြင်းများအပါအဝင် မိသားစုအတွင်း ပြုလုပ်မည့် ကိစ္စအားလုံးကို လူသိခံလိမ့်မည်မဟုတ်ဟု သတင်းရင်းမြစ်က ပြောသည်။ ဘုရင်မကြီး၏ တရားဝင် မွေးနေ့ပွဲအခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ဇွန်လလယ်တွင် ကျင်းပနေ ကြဖြစ်သည့် စစ်ရေးပြပွဲအခမ်းအနားကိုလည်း ယခုနှစ်တွင် ကျင်းပမည်မဟုတ်ဟု အစောပိုင်း တွင် ဘက်ကင်ဟမ်နန်းတော်က အတည်ပြုခဲ့သည်။ ဗြိတိန်စစ်တပ်၏ အကြီးအကဲဖြစ်သည့် အဲလိစဘတ်(၂) ဘုရင်မကြီးအတွက် အဆိုပါအခမ်းအနားမှာ တပ်ဖွဲ့ဝင်များကို အကဲခတ်ခွင့်ရသည့် အခွင့်အရေး တစ်ရပ်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၁၁၄၂၁၇ ဦး ရှိပြီး သေဆုံးသူ ၁၅၄၆၄ ဦး အထိ ရှိနေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ