နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေး-လားရှိုးလမ်းပေါ်ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၊ ထိခိုက်ဒဏ်ရာရ

မန္တလေး    ဩဂုတ်  ၁၇


မန္တလေး-လားရှိုးလမ်း၊ မိုင်တိုင်အမှတ်(၆၄/၆၅)ကြား၊ နောင်ချိုမြို့နယ်ကုန်းကြီးရွာမအုပ်စု၊ ရေဝင်ကျေးရွာအနီးတွင် သြဂုတ် ၁၆ ရက် နံနက် ၆ နာရီခွဲခန့်က မူဆယ်မှမန္တလေးသို့မောင်းနှင်လာ သော NISSAN အမျိုးအစားအနီရောင် ၁၂ ဘီးယာဉ်နှင့် မန္တလေးမှမူဆယ်ဘက်သို့ မောင်းနှင်လာသော FUSO  အမျိုးအစားအဖြူရောင် ၁၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နောင်ချို မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များ၊ နောင်ချိုမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘန်ဘွေးဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်သုံးဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး ကရုဏာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်။                                                                                                       


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ