နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဆိုသိုဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေး ပြန်လည်ပုံဖော်ရန်အတွက်ဟုဆိုကာ လမ်းများပေါ်တွင် စစ်တပ်ကို ဖြန့်ကျက်

ဧပြီ ၁၉၊ ပ မပေါင်းသင်းတော့သည့် ဇနီးဖြစ်သူကို သတ်သည်ဟု စွပ်စွဲခံထားရသည့် လီဆိုသိုနိုင်ငံ ဝန်ကြီးချုပ်ဟောင်းက တရားဥပဒေစိုးမိုးမှု ပြန်လည်ပုံဖော်ရန်အတွက်ဟုဆိုကာ လမ်းများပေါ်တွင် စစ်သည်များ ဖြန့်ကျက်ခဲ့သည်။ တရားဥပဒေစိုးမိုးရေးအဖွဲ့များ(အမည်တပ်ပြောခဲ့ခြင်းမရှိ)က ဒီမိုကရေစီစနစ် ကို ထိခိုက်နစ်နာအောင် လုပ်နေသည်ဟု ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် သာဘာနီက ပြောခဲ့သည်။ လွှတ်တော်ကို ဆိုင်းငံ့သည့် ယင်း၏ဆုံးဖြတ်ချက်ကို အခြေခံဥပဒေတရားရုံးက ဆန့်ကျင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် သာဘာနီက စစ်တပ်ကို လမ်းများပေါ်သို့ ဖြန့်ကျက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်က ဇနီးဖြစ်သူ လီပိုလီလိုကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးမှုကို သာဘာနီက ငြင်းဆန်နေဆဲဖြစ်သည်။ လီပိုလီလိုမှာ သာဘာနီနှင့် ကွာရှင်းပြတ်စဲရန် တရားရင်ဆိုင်နေချိန်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်မှာ လီဆိုသိုနိုင်ငံကို တုန်လှုပ်စေခဲ့သည်။ လီပိုလီလို သေဆုံးခဲ့ပြီးနောက် နှစ်လအကြာတွင် သာဘာနီက လက်ရှိဇနီးသည် မယ်ဆီယာကို လက်ထပ်ခဲ့သည်။ သာဘာနီနှင့် မယ်ဆီယာတို့သည် လီပိုလီလို အသတ်ခံရချိန်ကတည်းက အတူနေထိုင်ခဲ့ကြခြင်းဖြစ်သည်။ မယ်ဆီယာမှာလည်း လီပိုလီလိုကို သတ်မှုနှင့်စပ်လျဉ်း၍ စွဲချက်တင်ခံထားရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ